Sunday, January 17, 2010

MSI Technology Computer Centre အဋ္ဌမအကြိမ်မြောက် သင်တန်းဆင်းပွဲအခမ်းအနား

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ တနင်္ဂနွေနေ့ တွင် MSI Technology Computer Centre မှ ပြုလုပ်ကျင်းပမည့် အဋ္ဌမအကြိမ် သင်တန်းဆင်းပွဲ အခမ်းအနား တွင် ပါဝင်မည့် သင်တန်းအမည်နှင့် အမှတ်စဉ်များကို အောက်ပါအတိုင်း MSI Technology Website http://www.msitechtraining.com/certification တွင် ထုတ်ပြန်ထားသည်။

စဉ် အတန်းအမည် အတန်းအမှတ်စဉ် အရေအတွက်
Computer For Kid Level I CFK (1 မှ 5) ၄၀ ဦး
Computer For Kid Level II ACFK (1 မှ 6) ၄၆ ဦး
Computer For Kid Level III Level III (1 မှ 3) ၂၃ ဦး
Graphic Design For Kid GDFK ၆ ဦး
Networking Level I Course NE ၅ ဦး
Professional Graphic Design GD (20 မှ 21) ၁၄ ဦး
Office Application Course Level I OAC (201 မှ 269) ၄၉၁ ဦး
Office Application Course Level II Level II (25 မှ 37) ၉၄ ဦး

ထို့အပြင် Certificate ရရှိသူများ၏ အမည်စာရင်းများကို MSI Technology Computer Training Centre ၌သော်လည်ကောင်း၊ MSI Technology Website http://www.msitechtraining.com/certification ၌သော်လည်းကောင်း ကြေငြာ ထားရှိပြီး ဖြစ်ပါသည်။

Certificate ရရှိသူများ၏ အမည်စာရင်းတွင် ပါဝင်သူများသည် အကြောင်းကြားစာ ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်တန်းဆင်းပွဲသို့ တက်ရောက်နိုင်ရန် MSI Technology Computer Centre သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ဇန်န၀ါရီလ (၂၀)ရက်နေ့ နောက်ဆုံးထားပြီး သင်တန်းဆင်းပွဲ တက်ရောက်မည့်အကြောင်းကို ဆက်သွယ်မှတ်ပုံတင်ရပါမည်။

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းဆင်းပွဲသို့ မတက်ရောက်နိုင်သူများသည် သင်တန်းဆင်းပွဲ အပြီးတွင် မိမိ၏ သင်တန်းဆင်း လက်မှတ်များကို MSI Technology Computer Centre သင်တန်းရေးရာဌာနတွင် လာရောက် ထုတ်ယူနိုင်ပါသည်။

သင်တန်းဆင်းပွဲနှင့် ပါတ်သက်၍ အသေးစိတ် အချက်အလက်များကို www.msitechtraining.com တွင်လည်းကောင်း ၊ MSI Technology Computer Centre သင်တန်းရေးရာဌာန၊ အမှတ် ၁၃/၁၄ အားကာဆိုင်ခန်း၊ ကုန်သည်လမ်း၊ ပုသိမ်မြို့၊ ဖုန်း 042-24263 ၊ 25808 သို့ဆက်သွယ်၍ လည်းကောင်း စုံစမ်းနိုင်ပါသည်။

Sunday, May 31, 2009

Professional Web Creation Course(PWC) အဆင့်မြင့် Web ဖန်တီးမှုနည်းပညာ သင်တန်း



သင်တန်းအမည် -
Professional Web Creation Course(PWC) အဆင့်မြင့် Web ဖန်တီးမှုနည်းပညာ သင်တန်း

သင်တန်းဖော်ပြချက်-
Website ဖန်တီးခြင်းနှင့် Web Design ရေးဆွဲခြင်းကို အခြေခံမှစ၍ ကိုယ်ပိုင် Website များ ရေးဆွဲဖန်တီးနိုင်သည့်အထိ နည်းပညာရပ်ဆိုင်ရာသဘောတရားနှင့် လက်တွေ့လုပ်ဆောင်ချက်များ ပေါင်းစပ်သင်ကြားမည့်သင်တန်းဖြစ်သည်။

သင်တန်းတက်ရောက်နိုင်သည့်လူများ-
အိုင်တီနည်းပညာကို အခြေခံမှစတင်ပြီး လက်တွေ့ပြန်လည်အသုံချလိုသူများ၊ ကိုယ်ပိုင် Website နှင့် ကိုယ်ပိုင် Blog များ ရေးဆွဲဖန်တီးလိုသူများ၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊ နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းခွင်တွင် ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ၊ Graphic နှင့် Web Design ကိုစိတ်ပါဝင်စားသော ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းခွင်ဝင် လက်တွေ့အသုံးချ ကွန်ပျူတာနည်းပညာသင်တန်း တက်ရောက်လိုသူများ၊ ကွန်ပျူတာပညာရပ်ကို ၀ါသနာပါ၍ လေ့လာလိုက်စားနေသူများ၊ ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

သင်တန်းတက်ရောက်ရန် အခြေခံလိုအပ်ချက် -
MSI Technology Computer Centre တွင်
OAC Level I တက်ရောက်သင်ကြားပြီး အင်တာနက် အခြေခံရှိသူ
(သို့မဟုတ်)
OAC Level II သင်တန်း တက်ရောက်သင်ကြားပြီး သူ
(သို့မဟုတ်)
ထိုသင်ရိုးညွှန်းတမ်းများနှင့် ညီမျှသော ကွန်ပျူတာ နှင့် အင်တာနက် အခြေခံကျွမ်းကျင်မှုရှိသူ

သင်ကြားမည့်ဘာသာ အရေအတွက်-
၁၀ ဘာသာ (စာတွေ့ ၄ဘာသာ၊ လက်တွေ့ ၆ဘာသာ)

သင်ကြားမည့်ဘာသာရပ်များ
Paper 1 – Introduction to Internet & Web Technology
Paper 2 – Creating WebPages with HTML
Paper 3 – Designing Style with CSS and Dynamic Websites with JavaScript
Paper 4 – Web Design & Analysis
Paper 5 – Designing Web Graphic with Photoshop and Fireworks
Paper 6 – Web Layout and coding in Dreamweaver
Paper 7 – Creating Animation with Flash
Paper 8 – Understanding Networking & TCP/IP
Paper 9 – Data Handling with XML and Marketing Website
Paper 10 – Practical Web Design Project

သင်တန်းကာလ-
၁၄၀ နာရီ = ၇၀ ရက် = ၄လ ခွဲ (၁ပါတ်တွင် ၄ရက်)

စာမေးပွဲစစ်ဆေးမှုပုံစံ -
ဘာသာရပ်တစ်ခုပြီးတိုင်း End Test များ ဖြေ ဆိုရမည်ဖြစ်ပါသည်။

Assignment တင်သွင်းခြင်း -
လက်တွေ့ဘာသာရပ်များ အားလုံးအတွက် ကိုယ်ပိုင်ရေးသားသော Assignment များတင်သွင်းရမည်။ သင်တန်းပြီးဆုံးပါက Group Project တင်သွင်းရမည်။

အမှတ်ပေးမှုပုံစံ -
သင်တန်းတစ်ခုလုံးအတွက် Score Point 600 သတ်မှတ်ပါသည်။
Group Project =100 Points
End Test = 150 Points
Assignment= 150 Points
Attendance = 200 Points
Total Score= 600 Points
Pass Score= 400/600 Points

သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်း -
အမှတ်ပေးစနစ်များအားလုံးအတွက် Total Point 400 ရရှိမှသာလျင် သင်တန်းဆင်းလက်မှတ်ပေးအပ်ပါမည်။
သင်တန်းဆင်းလက်မှတ်ရရှိသောသင်တန်းသား သင်တန်းသူများ၏ ကိုယ်ရေးအကျဉ်း အမှတ်စာရင်းများ၊ Assignment များ၊ Project နှင့် Presentation များ စသည့် လုပ်ဆောင်ချက်များအားလုံးကို MSI Training Website, www.msitechtraining.com တွင်လွှင့်တင်ထားရှိ ပြီး job recommendation ပေးအပ်ပါမည်။

သင်တန်းကြေး
-
၁၀၀,၀၀၀ကျပ် (တစ်သိန်းကျပ်)


...........သင်ကြားမည့်ဘာသာရပ်များ နှင့် သင်ရိုးညွှန်းတမ်း..........

Paper 1 Introduction to Internet & Web Technology -
6 hr

Introduction to Internet & Web Technology မှာ Internet ၏ ပေါ်ပေါက်လာပုံသမိုင်းကြောင်းမှစ၍ အခြေခံအလုပ်လုပ်ပုံသဘောတရား၊ Internet ပေါ်တွင်အသုံးပြုနိုင်သော အသုံးချလုပ်ငန်းများ၊ Internet ချိတ်ဆက်ပုံများနှင့် Web နည်းပညာ၏ အဆင့်ဆင့်ပေါ်ပေါက်ပြောင်းလဲလာပုံ၊ World Wide Web ၏ တည်ဆောက်ပုံ နှင့် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ အသုံးများသောWeb နည်းပညာများနှင် Search Engine တို့၏ သဘောတရားများကို လက်တွေ့ အင်တာနက်အသုံးပြုမှုနှင့် ပေါင်းစပ်သင်ကြားပေးမည့် ဘာသာရပ်ဖြစ်သည်။

Paper 2 Creating WebPages with HTML
- 16 hr

Creating WebPages with HTML မှာ Web နည်းပညာများ၏ အခြေခံအကျဆုံးဖြစ်သော Hypertext Markup Language(HTML) ၏ အခြေခံသဘောတရားမှစ၍ WebPages များ ရေးသားခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ရန်သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။

Paper 3 Designing Style with CSS and Dynamic Websites with JavaScript
- 16 hr

Designing Style with CSS and Dynamic Websites with JavaScript ဘာသာသည် Cascade Style Sheet(CSS) နည်းပညာကိုအသုံးပြု၍ Website များကို Design ချခြင်း၊ JavaScript နည်းပညာဖြင့် Website များအား သက်ဝင်လှုပ်ရှားစေရန်ဖန်တီးခြင်း စသည်တို့ကို လက်တွေ့သင်ခန်းစာများဖြင့် ဖန်တီးရေးဆွဲရမည့် ဘာသာရပ်ဖြစ်သည်။

Paper 4 Web Design & Analysis
- 10 hr

Web Design & Analysis သည် Web Designer တစ်ယောက်အနေဖြင့် မဖြစ်မနေ သိသင့်သိထိုက်သော Website တစ်ခုဖန်တီးခြင်းနှင့်  ပါတ်သက်သည့် Design အယူအဆများ၊ ဖန်တီးမှုအဆင့်များနှင့် လုပ်ဆောင်ချက်များ၊ Web Browser များ၏ အလုပ်လုပ်ပုံ Web Standard အမျိုးမျိုး နှင့် ပါတ်သက်၍ လေ့လာဆန်းစစ်ချက်များ စသည့် သဘောတရားတို့ကို သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။

Paper 5 Designing Web Graphic with Photoshop and Fireworks
- 18 hr

Designing Web Graphic with Photoshop and Fireworks ဘာသာရပ်တွင် Adobe Photoshop Program ကိုအသုံးပြု၍ Web Graphic များရေဆွဲဖန်တီးခြင်း၊ Web Layout Design များရေးဆွဲခြင်းနှင့် Adobe Fireworks Program ကို အသုံးပြု၍ User Interface နှင့် Animated Design များဖန်တီးခြင်းများကို လက်တွေ့ လုပ်ဆောင်ရမည့်ဘာသာရပ်ဖြစ်သည်။

Paper 6 Web Layout and coding in Dreamweaver
- 26 hr

Adobe Dreamweaver သည် Web Design နှင့် Editing Program များတွင် အကျော်ကြားဆုံးနှင့် နည်းပညာမြင့်မားဆုံးသော Web Design Software ဖြစ်သည်။ ဤဘာသာရပ်တွင် Website တစ်ခုလုံး၏ အခြေခံအကျဆုံး Layout coding ရေးဆွဲခြင်း၊ Webpage များ Editing ပြုလုပ်ခြင်း၊ Graphic နှင့် Multimedia မျာထည့်သွင်းခြင်း၊ Ajax နည်းပညာအသုံးပြု၍ လှုပ်ရှားသက်ဝင်လာစေရန် ဆောင်ရွက်ခြင်းတို့ကို လက်တွေ့ သင်ခန်းစာများဖြင့် ဖန်တီးရေးဆွဲရမည် ဖြစ်သည်။

Paper 7 Creating Animation with Flash
- 16 hr

Adobe Flash သည် ကာတွန်းရုပ်ရှင်များ၊ Web Animation များ၊ Interactive Animation များရေးဆွဲရာတွင် ပြိုင်ဘက်ကင်သော program ဖြစ်သည်။ Creating Animation with Flash ဘာသာရပ်တွင် Web Animation များကို Adobe Flash ဖြင့် လက်တွေ့ဖန်တီးရမည်ဖြစ်သည်။

Paper 8 Understanding Networking & TCP/IP
- 10 hr

Understanding Networking & TCP/IP သည် IT Professional တစ်ယောက်အနေဖြင့်မဖြစ်မနေသိသင့်သိတိုက်သော TCP/IP Protocol နှင့် Computer Network ချိတ်ဆက်မှု သဘေားတရားများအား သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။

Paper 9 Data Handling with XML and Marketing Website
- 10 hr

Data Handling with XML သည် Internet Data Sharing Language တစ်ခုဖြစ်သော Extensible Markup Language (XML) ၏ အခြေခံသဘောတရား၊ တည်ဆောက်ပုံ နှင့် Standard များအကြောင်းသင်ကြားရမည်ဖြစ်ပြီး Marketing Website ဘာသာတွင် Web Master တစ်ယောက်အတွက် အရေးပါသော မိမိ Website ကို Search Engine Optimization (SEO) ပြုလုပ်ခြင်း Online Marketing ပြုလုပ်ခြင်း၊ Offline Marketing ပြုလုပ်ခြင်း စသည့်ပညာရပ်များအားသင်ကြားရပါမည်။

Paper 10 Practical Web Design Project
- 12 hr

Practical Web Design Project သည် သင်တန်းဘာသာရပ်များပြီးဆုံးပါက စာတွေ့လက်တွေ့ သင်ကြားခဲ့သော ပညာရပ်များအားလုံးအပေါ်အခြေခံ၍ Website Project တစ်ခုကို Data Collection ပြုလုပ်ခြင်းမှစ၍ Design ဖန်တီးခြင်း၊ Layout Coding ရေးသားခြင်း၊ Animation နှင့် Multimedia များထည့်သွင်းခြင်း၊ Online လွှင့်တင်ခြင်း၊ Marketing Presentation ဖန်တီးခြင်း စသည့်အဆင့်များကို ကိုယ်ပိုင် ရေးဆွဲဖန်တီးရမည့် Project ဘာသာရပ်ဖြစ်သည်။

Total 10 Subjects, 140 hr = 70 Days = 4.5 M (4Days in Week)

Tuesday, March 11, 2008

MSI Technology မှ သတ်မှတ်အရည်အချင်းပြည့်မီသူ ကျောင်းသား/သူ သုံးဦးကို Scholarship (ပညာရည်ထူးချွန်ဆု) ပေးအပ်မည့်အထူးအစီအစဉ်

ဧရာဝတီတိုင်းတွင် ICDL Test များကိုစတင် စစ်ဆေးနိုင်ခြင်း အထိမ်း အမှတ်အဖြစ် ICDL Test များကို ထူးချွန်စွာ အောင်မြင်သူ များအား ပညာရည် ထူးချွန်ဆုများအဖြစ် သင်တန်းကြေးနှင့် စာမေးပွဲကြေးများအား MSI Technology မှအောက်ပါအတိုင်း ပေးအပ်ချီးမြှင့် သွားမည် ဖြစ်သည်။

ICDL Scholarship in March 2008

Scholar Type................Full Scholar for................No. of Students
-----------------------------------------------------------------------------
ICDL Start Exam...........Training+Exam.................... 3

၁။ Scholarship (ပညာရည်ထူးချွန်ဆု) ပေးအပ်မည့် အစီအစဉ်သည် ICDL မှသတ်မှတ်ထားသော မူအတိုင်း အသက်အရွယ်မရွေး၊ အလုပ်အကိုင် ရှာဖွေနေသူ၊ ပညာသင်ယူနေသူ အားလုံး ပါဝင် လျောက်ထား နိုင်သည်။

၂။ Scholarship ရွေးချယ်ခြင်းကို MSI Technology မှ ၀င်ခွင့်စာမေးပွဲ စစ်ဆေး၍ ရွေးချယ်သွားမည် ဖြစ်သည်။

၃။ ရွေးချယ်ခံရသူကို MSI Tecchnology မှ စနစ်တကျသင်တန်းပေး၍ ဖြေဆိုစေမည်ဖြစ်ပြီး သတ်မှတ် ကာလအတွင်း ဖြေဆိုအောင်မြင်သူများထဲမှ အမှတ် အကောင်းဆုံးနှင့် ဦးစွာဖြေဆိုပြီးစီးမှု တို့အပေါ် မူတည်၍ Scholarship များ ရွေးချယ်၍ ဂုဏ်ပြုချီးမြင့် ပေးသွားမည် ဖြစ်ပါသည်။

၎။ ရွေးချယ်ခံရသူသည် ICDL 7 Modules မှ မိမိနှစ်သက်ရာ 4 Modules ကို ဖြေဆိုရမည် ဖြစ်သည်။

၅။ Scholarship အတွက် နောက်ဆုံး Registration လုပ်ရမည့် နေ့ရက်မှာ 30 March,2008 ဖြစ်သည်။

၆။ Scholarship အတွက် မိမိရွေးချယ်သော Modules အားလုံး နောက်ဆုံးဖြေဆိုအောင်မြင် ပြီးစီးရမည့် နေ့ရက်မှာ 30 June, 2008 ဖြစ်ပါသည်။

၇။ Scholarship လျောက်လွှာများကို ပတ်စပို့အရွယ်ဓာတ်ပုံ (၁)ပုံနှင့်အတူ ၃၀ရက်၊ မတ်လ ၂၀၀၈ ခုနှစ် နောက်ဆုံးထား၍ MSI Technology Computer Centre အမှတ် (၁၃/၁၄) တိုင်းအားကာတိုက်ခန်း၊ ကုန်သည်လမ်း၊ ပုသိမ်မြို့၊ သို့ပေးပို့ရမည်ဖြစ်သည်။

၈။ Scholarship နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို MSI Technology Computer Centre ဖုန်း (၀၄၂)၂၄၂၆၃ ၊ ၂၅၈၀၈ သို့ဆက်သွယ်မေးမြန်းနိုင်သည်။

Wednesday, February 27, 2008

MSI Technology ၏ နွေရာသီ ကလေးများအတွက် ကွန်ပျူတာသင်တန်းများ


ကလေးများ ကွန်ပျူတာနှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းပြီး ဥာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်အပိုင်းအခြားနှင့် ကွန်ပျူတာ တတ်ကျွမ်းမှုအလိုက် လေ့လာနိုင်မှုအပေါ်အခြေခံ၍ MSI Technology Comupter Centre မှ သင်ရိုးညွှန်းတမ်းများကို စနစ်တကျပြုစု၍အဆင့် (၃)ဆင့်ခွဲပြီး သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။

Computer For Kids (Level 1)
အသက်(၆)နှစ် မှ (၁၀)နှစ်အတွင်း ကွန်ပျူတာအခြေခံမရှိသေးသော ကလေးများတက်ရောက်နိုင်ပါသည်။ ကလေးများ ကွန်ပျူတာနှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းစေရန် နှင့် ပန်းချီရေးဆွဲခြင်း၊ ကိုယ်ပိုင် စာစောင်များဖန်တီးခြင်း၊ သရုပ်ဖော်ရှင်းလင်းချက် (Presentations) ဖန်တီးခြင်းများ အသုံးပြုတတ် စေရန်နှင့် English Speaking နှင့် Listening ကိုပါထည့်သွင်း သင်ကြားပေးပါမည်။

Computer For Kids (Level 2)
အသက်(၁၀)နှစ်နှင့်အထက် ကွန်ပျူတာအခြေခံရှိသူများ တက်ရောက် နိုင်ပါသည်။ သရုပ်ဖော်ရှင်းလင်းချက် (Presentation Projects) ဖန်တီးခြင်း၊ စာရင်းဇယားများတွက်ချက်ခြင်း၊ ကိုယ်ပိုင်စာစောင်များ၊ Pamphlets၊ ဖိတ်စာများ ဖန်တီးခြင်းတို့ကို သင်ကြားပေးပါမည်။ ထို့အပြင် Digital Camera အသုံးပြု၍ဓါတ်ပုံများကိုစုစည်းခြင်း၊ အထူးပြုလုပ်ချက် (Effect) များထည့်သွင်းခြင်း၊ Digital Photo များမှ Video CD များအဖြစ်ပြောင်းလဲခြင်းတို့ကို ဖန်တီးတတ်စေရန်နှင့် Email, Internet လက်တွေ့အသုံးချတတ်စေရန် သင်ကြားပေးပါမည်။

Computer For Kids (Level 3)
အသက်(၁၀)နှစ်နှင့်အထက် ကွန်ပျူတာအခြေခံရှိသူများတက်ရောက်နိုင်ပါသည်။ ကလေးများ ယနေ့ခေတ် နည်းပညာရပ် လက်တွေ့အသုံးချမှုနှင့် အကျွမ်းတ၀င်ရှိစေရန် သင်ကြားပေးမည်ဖြစ်ပြီး Digital Camera အသုံးပြုနည်းနှင့် Digital Photo များ ပြုပြင်တည်းဖြတ်ခြင်း၊ Email, Internet, Chatting (GTalk, MIRC), Forum, WebMail အသုံးပြု၊ချိတ်ဆက်နည်းများ၊ Flash အသုံးပြု၍ ကာတွန်းရုပ်ရှင်လှုပ်ရှားမှု Animations များဖန်တီးခြင်း၊ ကျောင်းသင်ခန်းစာ အထောက်အကူပြု Interactive Applications, Multimedia Presentations များဖန်တီးခြင်းများကို စာတွေ့လက်တွေ့သင်ကြားပေးပါမည်။

Graphic Design For Kids
အသက်အရွယ်အပိုင်းအခြားမရှိ ကွန်ပျူတာအခြေခံရှိပြီး ပန်းချီ၊ ဒီဇိုင်း ပညာရပ်များကို စိတ်ပါဝင်စားသော ကလေးများ တက်ရောက်နိုင်ပါသည်။ Adobe Illustrator Program အသုံးပြု၍ရုပ်ပုံပန်းချီများပြင်ဆင်ရေးဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ Photoshop Program အသုံးပြု၍ ရေးဆွဲထားသောရုပ်ပုံများ၊ ဓာတ်ပုံများကို အထူးပြုလုပ်ချက် (Effect) များထည့်သွင်းခြင်း စသည့် Graphic Design & Drawing နှင့်သက်ဆိုင်သည့်ပညာရပ်များကို ကလေးများနားလည်တတ်ကျွမ်းစေ ရန် နှင့် ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်စေရန် လေ့ကျင့်ခန်းများစုံလင်စွာဖြင့် သင်ကြားပေးပါမည်။

Tuesday, February 26, 2008

MSI Technology and ICDL

Profile of MSI Technology

Management Scientific & Information Technology Computer training centre was established at the end of the year 2002 by computer graduated youths. At the April of 2003, computer application and programming courses are conducted. The advanced courses are started at January, 2004. LCCI Accounting courses are enhanced at the middle of the year 2005. The strong point of MSI Technology is using the Interactive Teaching System. At June 2007, it was started to prepare to be the ICDL Approved Test Centre and now it is ready to run ICDL Live Testing.

MSI Technology and ICDL
The International Computer Driving LicenceTM (ICDL) is an internationally recognised qualification that enables people to demonstrate their competence in computer skills. As a result of strong growth and increasing demand for the ICDL in many parts of the world, Ocean Gate has been considered to develop and support the implementation of ICDL in Myanmar. ICDL programmes are available in over 150 countries, so please explore this site to find the certification that is right for you or your organisation.
MSI Technology computer Training Centre, a private organization located at Pathein, becomes the second test centre to run ICDL Testing.
“We ran only the local certification programs before. As the demand of Myanmar younger and the knowledge era, and the ICDL Certifications are should examine the real quality for practical use of computer applications in fact, we decided to run the ICDL at my centre” said by Mr. Tun Lin, the founder of MSI Technology Computer Training Centre.

Mr. Colin Glass, CEO of SpringBoard4Asia Ltd, the ICDL Licencee for Myanmar, gave the comment “SpringBoard manage the ICDL qualification in Myanmar and other ASEAN countries and are delighted to announce that MSI Technology have met all the high standards necessary to be an authorised ICDL Test Centre''

Monday, February 25, 2008

MSI သင်တန်းသားများ၏ အမှတ်တရ မှတ်တမ်း

သင်တန်းဆင်း သင်တန်းသားတွေရဲ့ MSI အပေါ်အမြင်နဲ့သဘောထားရယ်၊ သင်တန်းပြီးဆုံးသွားတဲ့အခါ တစ်ယောက်ခြင်းစီနဲ့ ပတ်သက်ပြီး အမှတ်တရ ကျန်အောင်ရယ် ဒီမှတ်တမ်းကို စီစဉ်တာဖြစ်ပါတယ်။ဒီမှတ်တမ်းမှာ ဒီအချက်လေးတွေကို ဦးတည်ပြီးရေးပေးစေချင်တယ်။

  • သင်တန်းတက်ရတဲ့ရည်ရွယ်ချက်.....
  • သင်တန်းပြီးဆုံးသွားတဲ့အခါ ရည်ရွယ်ချက်အောင်မြင်ရဲ့လား.....
  • MSI ရဲ့ သင်ကြားရေးစနစ်ကို ဘယ်လိုမြင်လဲ.....
  • MSI ရဲ့ သဘောကျတဲ့ အချက်တစ်ချက်.....
  • MSI ရဲ့ ပြု့ပြင်သင်တဲ့ အချက်တစ်ချက်.....
  • MSI ကိုပြောချင်တဲ့ အမှတ်တရစကား.....

အားလုံးပွင့်ပွင့်လင်းလင်းကိုယ့်အမြင်ကိုရေးသားနိုင်ပါတယ်။ဒီတော့မှ သင်တန်းသားတွေရဲ့ MSI အပေါ်အမြင်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ပုံဖော်နိုင်မှာဖြစ်ပါတယ်။

*
အမှတ်တရရေးမည့်သူများ Comment ကို တစ်ချက်နှိပ်၍ရေးနိုင်ပါတယ်မြန်မာလိုရေးရန် ဇော်ဂျီလက်ကွက်မရှိပါက Zawgyi-one Web Text Editor ကိုသုံး၍ရေးပါ။ *

Thursday, February 21, 2008

International Computer Driving Licence (ICDL) အကြောင်းသိကောင်းစရာ






International Computer Driving Licence သည် ကွန်ပျူတာ ကျွမ်းကျင်မှု စွမ်းရည်ကို စစ်ဆေးပေးသော နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ အသုံးချမှုလက်မှတ်ရ စာမေးပွဲဖြစ်ပါသည်။
ICDL ကိုနိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာအသုံးချကျွမ်းကျင်မှု စာမေးပွဲကို နိုင်ငံပေါင်း (146)နိုင်ငံတွင် ဘာသာစကား (36)မျိုးဖြင့် ဖြေဆိုနိုင်ပြီး ဖြေဆိုအောင်မြင်ပါက နိုင်ငံအနှံ့အပြားရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီကော်ပို့ရေးရှင်းများနှင့် အခြားစီးပွားရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ မှ အသိအမှတ်ပြုသော စာမေးပွဲဖြစ်ပါသည်။

ICDL Certificate ဆိုတာဘာလဲ?
ICDL Certificate သည် ကွန်ပျူတာ အသုံးချကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ဖြစ်ပြီး၊ ကျွမ်းကျင်မှု စစ်ဆေးရာတွင် အောက်ဖော်ပြပါ ဘာသာရပ်များကို ဖြေဆိုရပါမည်။
  1. Concepts of Information Technology
  2. Using the Computer and Managing Files
  3. Word Processing
  4. Spreadsheets
  5. Databases
  6. Presentations
  7. Information and Communication
ဖြေဆိုအောင်မြင်မှုပေါ်မှုတည်၍ (4) ဘာသာအောင်မြင်ပါက Start Certificate နှင့် (7) ဘာသာအောင်မြင်ပါက Full Certificate ကို ICDL မှချီးမြှင့်ပေးပါသည်။

ICDL စာမေးပွဲကို ဘယ်သူတွေဖြေသင့်လဲ?
ICDL စာမေးပွဲကို ICT ပညာရပ်ဝါသနာပါသူများ လေ့လာလိုက်စားနေသူများ၊ ကျောင်သား/သူများ၊ လုပ်ငန်းခွင်တွင် ICTပညာရပ်ဖြင့် သက်မွေးဝမ်းကျောင်း ပြုနေသူများ၊ အလုပ်ရရှိရန် ကြိုးပန်းနေသူများ မည်သူမဆို ဖြေဆိုနိုင်ပါသည်။
ICDL စာမေးပွဲသည်မိမိ၏ ကွန်ပျူတာအသုံးချမှု၊ တက်မြောက်ကျွမ်းကျင်မှုကို သက်သေပြနိုင်ရန်နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် စစ်ဆေးပေးသော အထူးစာမေးပွဲ တစ်ခုဖြစ်ပါသည်။ မိမိဘ၀၏ ပညာရေးလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးသော စာမေးပွဲလည်းဖြစ်ပါသည်။

ICDL အသိအမှတ်ပြုလက်မှတ်ကိုဘယ်လိုရယူနိုင်မလဲ?

ICDL ဖြေဆိုလိုသူများသည် ပုသိမ်မြို့တွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ICDL Approved Test Centre ဖြစ်သော MSI Technology Training Centre တွင် စာရင်းပေးသွင်း ဖြေဆိုနိုင်ပါသည်။ မိမိဒေသအတွင်းရှိအခြား Approved Test Centre များကိုသိရှိလိုပါက ICDL MYANMAR Website တွင်လေ့လာနိုင်သည်။

ဘာသာရပ်များရွေးချယ်နိုင်ခြင်း
ICDL စာမေးပွဲကိုဖြေဆိုနိုင်ရန် စာရင်းပေးသွင်းရာတွင် မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခုချင်းစီသော်၎င်း၊ သတ်မှတ်ထားသော ဘာသာရပ်အတွဲလိုက်သော်၎င်း၊် ဖြေဆိုနိုင်ပါသည်။ စာမေးပွဲဖြေဆိုရာတွင် အထောက် အကူဖြစ်စေရန် Assessment Test Exercise များ ထည့်သွင်းပေးထားပါသည်။

ICDL Start Pack:
-5 Tests (4 tests + 1 free re-test)
-4 Assessments
-ICDL Start Certificate upon completion of any 4 of the 7 modules

ICDL Full Pack
-9 Test (7 tests + 2 free re-tests)
-7 Assessments
-ICDL Start Certificate upon completion of all 7 modules

ICDL စာမေးပွဲဖြေဆိုခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ
- ကွန်ပျူတာကျွမ်းကျင်မှုအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း။
- အလုပ်အကိုင်ကောင်းများရရှိနိုင်ရန် အခွင့်ရေးကောင်းများရရှိခြင်း။
- Internet နှင့် Computer Application များအသုံးပြုရာတွင် ကျွမ်းကျင်မှုစွမ်းရည် မြင့်မားလာခြင်း။
- အဆင့်မြင့် IT ပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများရရှိလာခြင်း။
- IT ပညာရပ်များကို ဆက်လက်လေ့လာနိုင်စွမ်း တိုးတက်စေခြင်း။